ဘုရားသခင်/ထံ ချဉ်းကပ်ခြင်း
4
မည်သည့်/အကြောင်း/ကြောင့် သင်တို့/ထဲတွင် စစ်ပွဲများ/နှင့် ရန်ပွဲများ/ဖြစ်ကြသနည်း။ သင်တို့/ကိုယ်ခန္ဓာ/ထဲ၌ ဆန့်ကျင်/တိုက်ခိုက်နေသော အပျော်အပါး/လိုက်စားလိုသည့်/ဆန္ဒများ/ကြောင့် ဖြစ်ကြသည်/မဟုတ်လော။ 2 သင်တို့/သည် မိမိတို့/လိုချင်/တပ်မက်သော/အရာ/ကို မရ/သဖြင့် လူ/သတ်ကြ၏။ တစ်စုံတစ်ခု/ကို အလွန်/လိုချင်သော/စိတ် ရှိ/သော်လည်း မရနိုင်/သောအခါ ခိုက်ရန်/ဖြစ်/၍ တိုက်ခိုက်ကြ၏။ သင်တို့/မရကြသည့် အကြောင်း/မှာ ဘုရားသခင်/ထံ မတောင်းလျှောက်/သောကြောင့်/ဖြစ်၏။ 3 တောင်းလျှောက်/သောအခါ/၌လည်း အပျော်အပါး/လိုက်စား/နိုင်ရန်/အတွက် လွဲမှား/စွာ တောင်းလျှောက်/သောကြောင့် မရကြ။4 သစ္စာ/မရှိသော/သူတို့… လောက/နှင့်/မိတ်သဟာယဖွဲ့ခြင်း/သည် ဘုရားသခင်/နှင့် ရန်ဘက်/ပြုခြင်း/ဖြစ်ကြောင်း နားမလည်ကြသလော။ ထို့ကြောင့် လောက/နှင့် မိတ်ဆွေ/ဖြစ်လိုသောသူ/သည် ဘုရားသခင်/၏ ရန်သူ/ဖြစ်၏။ 5 “ဘုရားသခင်/သည် ကျွန်ုပ်တို့/အထဲ/၌ ရှင်သန်စေတော်မူသည့် လူ့/စိတ်ဝိညာဉ်/အား မိမိ/ကိုသာ ကိုးကွယ်/စေလိုသော/သဝန်တိုစိတ်/ဖြင့် တောင့်တတော်မူ၏” ဟူ၍ ကျမ်းစာ/၌ အကြောင်းမဲ့ ဖော်ပြသည်/ဟု သင်တို့/ထင်သလော။ 6 သို့သော် ကိုယ်တော်/သည် ကျွန်ုပ်တို့/အား များပြားသော/ကျေးဇူးတော်/ကို ပေးတော်မူ၏။ ထို့ကြောင့် ကျမ်းစာ/၌ “မာန/ထောင်လွှားသော/သူတို့/ကို ဘုရားသခင်/သည် ဆန့်ကျင်/၍ နှိမ့်ချသော/သူတို့/ကိုမူ ကျေးဇူးပြုတော်မူ၏” ဟု ဆိုထား၏။
7 ထို့ကြောင့် ဘုရားသခင်/ကို နာခံကြလော့။ မာရ်နတ်/ကို ဆန့်ကျင်ကြလော့။ သို့ပြုလျှင် သူ/သည် သင်တို့/ထံမှ ထွက်ပြေးသွား/လိမ့်မည်။ 8 ဘုရားသခင်/ထံသို့ ချဉ်းကပ်လော့။ သို့ပြုလျှင် ဘုရားသခင်/သည် သင်တို့/ထံသို့ ချဉ်းကပ်တော်မူ/လိမ့်မည်။ အပြစ်သားတို့… သင်တို့/လက်/ကို ဆေးကြောကြလော့။ စိတ်နှစ်ခွ/ရှိသောသူတို့… သင်တို့/၏/စိတ်နှလုံးသား/ကို သန့်ရှင်းစေကြလော့။ 9 ဝမ်းနည်း/၍ ညည်းတွား/မြည်တမ်း/လျက် ငိုကြွေးကြလော့။ ရယ်မောနေမည့်/အစား ညည်းတွား/မြည်တမ်းကြလော့။ ဝမ်းမြောက်နေမည့်/အစား ဝမ်းနည်း/ပူဆွေးကြလော့။ 10 သခင်ဘုရား/ရှေ့တော်/၌ မိမိ/ကိုယ်ကိုယ် နှိမ့်ချကြလော့။ သို့ပြုလျှင် ကိုယ်တော်/သည် သင်တို့/ကို ချီးမြှောက်တော်မူ/လိမ့်မည်။
သူတစ်ပါး/ကို အပြစ်/မစီရင်/ရန် သတိပေးခြင်း
11 ညီအစ်ကို/မောင်နှမတို့a… အချင်းချင်း မပုတ်ခတ်ကြနှင့်။ ညီအစ်ကို/မောင်နှမ/ချင်း ပုတ်ခတ်ပြောဆိုသူ၊ သို့မဟုတ် အပြစ်/စီရင်တတ်သောသူ/သည် ပညတ်တရားတော်/ကို ပုတ်ခတ်/၍ စီရင်သောသူ/ဖြစ်၏။ ပညတ်တရား/ကို စီရင်/လျှင် ပညတ်တရား/ကို လိုက်နာ/ကျင့်သုံးသောသူ/မဟုတ်ဘဲ စီရင်သောသူ/ဖြစ်၏။ 12 ပညတ်တရား/ကို ပေးတော်မူသော/အရှင်၊ တရားစီရင်တော်မူသော/အရှင် တစ်ပါးတည်း/သာ ရှိ၏။ ထို/အရှင်/သည် ကယ်တင်နိုင်စွမ်း/နှင့် ဖျက်ဆီးနိုင်စွမ်း ရှိသော/ဘုရားသခင်/ဖြစ်တော်မူ၏။ သို့သော် သင်/သည် မည်သူ/ဖြစ်/၍ သူတစ်ပါး/ကို စီရင်ရသနည်း။
မကြွားဝါ/ရန် သတိပေးခြင်း
13 “ယနေ့၊ သို့မဟုတ် မနက်ဖြန် ဤ/မည်သော/မြို့/သို့ သွား/၍ တစ်နှစ်ပတ်လုံး နေကြမည်။ ထို/မြို့/တွင် ကုန်သွယ်/၍ ငွေရှာကြမည်” ဟု ပြောသော/သူတို့… နားထောင်ကြလော့။ 14 သင်တို့/သည် မနက်ဖြန်/တွင် မည်သို့/ဖြစ်မည်/ကိုပင် မသိကြ။ သင်တို့/၏ အသက်/သည် မည်သို့နည်း။ ခေတ္တ/မျှ ပေါ်လာ/ပြီးနောက် ပျောက်ကွယ်တတ်သော အခိုးအငွေ့/နှင့်/တူ၏။ 15 သို့ဖြစ်၍ “ထာဝရဘုရား/အလိုတော်ရှိ/လျှင် ကျွန်ုပ်တို့/သည် အသက်/ဆက်ရှင်/၍ ဤ/အမှု၊ သို့မဟုတ် ထို/အမှု/ကို ပြုပါမည်” ဟုသာ သင်တို့/ပြော/သင့်၏။ 16 ယခု/တွင်မူ သင်တို့/သည် လုပ်ဆောင်မည့်/အစီအစဉ်/အကြောင်း မာနထောင်/လျက် ကြွားဝါတတ်ကြ၏။ ထိုသို့သော ကြွားဝါခြင်း/မှန်သမျှ/သည် မကောင်းမှု/ဖြစ်၏။
17 ထို့ကြောင့် ကောင်းမှု/ကို လုပ်ဆောင်/သင့်ကြောင်း သိလျက်/နှင့် မလုပ်ဆောင်ဘဲ နေ/လျှင် အပြစ်/ရှိ၏။